မဝေးတော့သည့် အနာဂတ်ဆီမှ ဆက်သွယ်ရေးပုံသဏ္ဍာန်တစ်ခုကို တွေ့ကြုံခံစားပါ အခရစ်လစ် အိုင်ကွန်(Acrylic icons) များသည် အလင်းနှင့် အမှောင်ရိပ်တို့၏ အရည်အသွေးများတို့ကို ပေါ်လွင်အောင်ဖော်ကျူးထားသည်။ XOS 13 ၏ အခရစ်လစ် အလွှာ ဆက်သွယ်ရေးပုံသဏ္ဍာန်အသစ်သည် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို ပေါင်းစပ်ထားသော ခေတ်ရှေ့ပြေး စတိုင်ကို ဖြစ်စေပါသည်။ အမှောင်ရိပ်များနှင့် အလင်းတို့၏ အားပြိုင်မှုသည် အသေးစိတ်နှင့် အလွှာအထပ်ထပ်ပိုင်းခြားမှုတို့တွင် ပြည့်ပြည့်ဝဝရှိခြင်းအားဖြင့် အကောင်းဆုံးပုံရိပ်ကို ပေးစွမ်းသည်။
လက်တွေ့ကမ္ဘာမှ အရာဝတ္ထုအသစ်များနှင့် စွမ်းအားတို့ကို လေ့လာပါ XOS 13 နောက်ခံပုံစီးရီးအသစ်သည် ပြိုင်ပွဲလမ်းမဆီမှ အော့ပတစ်ကယ်လိုင်းအထိ အရာဝတ္ထုများကို စိတ်ကူးစိတ်သန်း ရယူထားပါသည်။ သက်သောင့်သက်သာဖြစ်ပြီး အာရုံတွင် ငြိတွယ်စေသည့် အတွေ့အကြုံကို ဖန်တီးရန် လက်တွေ့ကမ္ဘာမှ သဘာဝကျပြီး တုံ့ပြန်ဆောင်ရွက်မှုရှိသော အထူးပြုလုပ်ချက်များကို အတုယူထားသည်။
ဒစ်ဂျစ်တယ် ဓာတ်ပုံဖရိန်ဖြင့် သင့်ကိုယ်ပိုင် ထူးခြားသော AOD ကို ပုံစံဖော်ပါ ရုပ်ပုံတစ်ပုံနှင့် AOD စတိုင်တစ်ခုကို ရွေးချယ်ခြင်းအားဖြင့် သင်၏ အဖိုးတန်အမှတ်တရများကို မိမိစိတ်ကြိုက်ပြုလုပ်ထားသော အဆင်သင့်ရှိနေသည့် (standby) စနစ်ပြသမှုအဖြစ် ပြောင်းလဲလိုက်ပါ။ (Only video formats supported)
hex1 hex2 hex3 hex4 hex5
အရန်သင့် ခေါ်ဆို စေခိုင်းနိုင်သည့် အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှု
Folax ပိုမိုကောင်းမွန်ပြီး နားလည်နိုင်စွမ်း ပိုမြင့်မားသော အသံဖြင့်စေခိုင်းနိုင်သည့်စနစ် အလုပ်များနေပါသလား။ စိတ်ဖိစီးနေပါသလား။ အကူအညီက ဒီမှာပါ။ သင်က အင်တာနက်ချိတ်ဆက်မှုမရှိသည့်အခါတွင်ပင် သင်၏ ဘာသာစကားမျိုးစုံဖြင့် Folax Assistant သည် အမြဲအွန်လိုင်းဖြစ်နေပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ ဓာတ်ပုံများ ရိုက်ခြင်း၊ တေးဂီတဖွင့်ခြင်း၊ နှိုးစက်များ သတ်မှတ်ခြင်းတို့တွင် သင့်အား ကူညီပေးရန် Folax ကိုဖွင့်ထားပါ။
" "
"Tell me a joke"
"Set off a firework"
"Wake me up at 7:00 am tomorrow"
"Open Football Following"
"Start taking selfies"
"Start boosting phone"
How's the weather today?"
"Play rock music"
"Call Mom"
"Broadcast today's to-dos"
"Nearby carlcare service stores"
"Play local news"
"Go home"
"Take photos"
အကြံပြုချက်များ အကြည့်တစ်ချက်အတွင်း တွေ့နိုင်သည့် သင်အကြိုက်ဆုံးအက်ပ်အားလုံး သင့်သုံးစွဲမှု အလေ့အကျင့်များပေါ် အခြေခံ၍ သင်အကြိုက်ဆုံးအက်ပ်များကို ဝဒ်ဂျက် (widget) များအဖြစ် ကူးပြောင်းသတ်မှတ်ပေးခြင်းဖြင့် တစ်ချက်လေးထိလိုက်ရုံနဲ့ ၎င်းတို့ကို ဝင်ရောက် သုံးစွဲနိုင်ပါသည်။ သင့်အတွက် အရေးကြီးသော အချက်အလက်အားလုံးကို တစ်ချက်ကြည့်ရုံဖြင့် တွေ့နိုင်ပါသည်။ တည်းဖြတ်ပြင်ဆင်ခြင်းကို ပံ့ပိုးပေးထားပြီး လိုအပ်သည့်အခါ ပြသထားသည့် လုပ်ဆောင်ချက်များကို ချိန်ညှိနိုင်ပါသည်။
1-ပြောင်းလဲမှုပြုလုပ်ရန် ဘယ်ဘက်နှင့် ညာဘက်သို့ ပွတ်ဆွဲပါ
2-နှိုးစက်ကို တိုက်ရိုက်ပိတ်နိုင်ပါသည်
ဆူညံသံလျှော့ချပေးသည့်စနစ် အဆင့်မြင့်သည့် ဆူညံသံလျှော့ချပေးသည့်စနစ်သည် ခေါ်ဆိုမှုများကို အသံပိုမိုရှင်းလင်းပြတ်သားအောင် ပြုလုပ်ပေးပါသည် ရှော့(ပ်)ပင်မောလ်များ၊ လမ်းများ သို့မဟုတ် မြေအောက်ရထားဘူတာများသည် အွန်လိုင်းခေါ်ဆိုမှုများအတွက် မည်မျှပင် ဆူညံပါစေ ဉာဏ်ရည်သုံး ဆူညံသံလျှော့ချမှုစနစ် အယ်လဂိုရီသမ်သည် ဆက်သွယ်မှုကို ပိုမိုကြည်လင်ပြတ်သားအောင် ပြုလုပ်ပေးပါသည်။ စကားပြောဆိုနေချိန်၊ ဂိမ်းကစားနေချိန်၊အစည်းအဝေးပြုလုပ်နေချိန်များနှင့် အခြားအရာများလုပ်ဆောင်နေချိန်တို့တွင် အဆက်အသွယ်ပြတ်မသွားစေပါ။ (ဤလုပ်ဆောင်ချက်သည် WhatsApp/Facebook အသံပေးပို့ ဖုန်းခေါ်ခြင်းများနှင့် PUBG/FreeFire အသံဖိုင်ပေးပို့စကားပြောဆိုမှုများတွင် ပံ့ပိုးပေးပါသည်)
အမြန်စတင်မှု သင်အကြိုက်ဆုံးအက်ပ်အားလုံးအတွက် ဟန်ပန်များ ပိတ်ထားသည့်မျက်နှာပြင်ပေါ်တွင် သတ်မှတ်ထားသည့် စာလုံးများ ရေးဆွဲခြင်းအားဖြင့် အက်ပ်များကို အမြန်ဖွင့်နိုင်ပါသည်။ ဤနည်းလမ်းဖြင့် ဖွင့်နိုင်မည့် အက်ပ်များကိုလည်း သင့်စိတ်ကြိုက်သတ်မှတ်နိုင်ပါသည်။ သင့်ဖုန်းကို သင့်နည်းလမ်းအတိုင်း မိမိစိတ်ကြိုက် ဖန်တီးနိုင်ပါသည်။
PC Connection အထစ်အငေါ့မရှိ စခရင်တစ်ခုမှ တစ်ခုသို့ ချိတ်ဆက်မှု ဝိုင်ဖိုင် ဘလူးတုသ် ချိတ်ဆက်မှု၊ QR ကုဒ် စကန်ဖတ်ခြင်း သို့မဟုတ် ကြိုးတပ် ချိတ်ဆက်မှုဖြင့် စက်များကို အမြန်ချိတ်ဆက်ပါ။ (Note စီးရီး၊ Zero စီးရီးနှင့် Zero Book စီးရီးတွင် ပံ့ပိုးပေးထားပါသည်) (Supported on the Note Series, Zero Series, and Zero Book Series)
Scan to Connect
Please go to Settings -> More Connections
-> PC Connection on the phone, and scan the code to connect.
သင့်စွမ်းဆောင်ရည်များ ပွားများအောင် ဆောင်ရွက်လိုက်ပါ
ပေါ့ပါးသော မာလ်တီ ဝင်းဒိုး အလုပ်အများအပြားကို တစ်ပြိုင်တည်း လုပ်ခြင်းကိုပို၍ လွယ်ကူအောင်ပြုလုပ်ပေးသည် အလုပ်အများအပြားကို တစ်ပြိုင်တည်းလွတ်လွတ်လပ်လုပ်ဆောင်ခြင်းဖြင့် အလုပ်များပိုပြီးအောင် လုပ်ဆောင်လိုက်ပါ၊ တစ်ချိန်တည်းတွင် မျက်နှာပြင်ပေါ်တွင် ဝင်းဒိုး(window) နှစ်ခုကို ဖွင့်ထားပါ။ ဝင်းဒိုးများကို ချုံ့နိုင်သည်၊ ဆိုင်းငံ့ထားနိုင်သည်၊ စခရင်အပြည့်သို့ ပြောင်းနိုင်သည် သို့မဟုတ် ဖယ်ရှားနိုင်သည်။
မျက်နှာပြင်ကို ခွဲထုတ်မှု အလုပ်အများအပြားကို တစ်ပြိုင်တည်း လုပ်ခြင်းကိုပို၍ လွယ်ကူအောင်ပြုလုပ်ပေးသည် တစ်ပြိုင်တည်း အလုပ်အများအပြား လုပ်ဆောင်ခြင်းအတွက်မျက်နှာပြင်အား ခွဲထုတ်သည့်စနစ်ကို နည်းလမ်းများစွာဖြင့် အမြန်စတင်ဖွင့်လိုက်ပါ။ ဆွဲယူခြင်းနှင့် ဆွဲထည့်ခြင်းဖြင့် အက်ပ်များအကြား ရုပ်ပုံများ သို့မဟုတ် စာသားများကို အလွယ်တကူ ဝေမျှပါ။
အဆင့်မြင့်သည့် စကင်န်ဖတ်စက် သင်စကန်ဖတ်လိုသည့် အရာတိုင်းကို စကန်ဖတ်နိုင်ပါသည် စာရွက်စာတမ်းများကို အလွယ်တကူ စကန်ဖတ်ပါ။ စာမျက်နှာတစ်မျက်နှာတည်း သို့မဟုတ် စာမျက်နှာများစွာကို စကန်ဖတ်ပါ၊ သင့်လက်မှတ်ကို တည်းဖြတ်ပါ၊ စကန်ဖတ်ထားသည့် ရုပ်ပုံကို PDF အဖြစ် သိမ်းဆည်းပါ၊ ထို့အပြင် တစ်ချက်နှိပ်ရုံဖြင့် ဝေမျှပါ။
မှတ်စု နေရာမရွေး အချိန်မရွေး မှတ်စုများ မှတ်သားနိုင်ပါသည် အမြန်ဝင်ရောက်သုံးစွဲခွင့်၊ စာသား အမြန်သိမ်းခြင်းနှင့် စုတ်တံဖြင့်ဆေးချယ်သည့် လုပ်ဆောင်ချက်တို့ကို ပေးစွမ်းခြင်းဖြင့် စိတ်ကူးစိတ်သန်းပေါ်သည့် အခိုက်အတန့်တိုင်းကို အမိအရရယူရာတွင် သင့်အား အကူအညီပေးရန် မှတ်စု ဒီဇိုင်းကို အကောင်းဆုံး မြှင့်တင်ထားပါသည်။ (Google Chrome တွင် စာသား အမြန်သိမ်းခြင်းကို ပံ့ပိုးထားပါသည်) (Text quick save supported on Google Chrome)
သစ်လွင်ပြီး ရွှင်မြူးဖွယ်ကောင်းသော
ဖျော်ဖြေရေး အတွေ့အကြုံ
AI မှတ်တမ်းပုံရိပ်များ ဓာတ်ပုံများကို ပိုမို၍ လွတ်လွတ်လပ်လပ်တည်းဖြတ်နိုင်ပါသည် ဓာတ်ပုံ ရိုက်ကူးပြီးနောက် လွတ်လပ်စွာ တည်းဖြတ်နိုင်ပါသည်။ စာသားအချို့ ရေးပါ၊ အမှတ်အသားအချို့ကို မှတ်သားပါ၊ စစ်ထုတ်မှုအချို့ကို ပေါင်းထည့်ပါ၊ သင့်ဉာဏ်ရှိသမျှအတိုင်း အပြည့်အဝလုပ်ဆောင်ခွင့် ပေးပါ။
drawer-bg phone a tt mosaic doodle filter brightness
frame img
Visha ဖွင့်စက် အကြောင်းအရာကို ဆွဲထည့်ပြီး ဝေမျှလိုက်ပါ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များနှင့် စာရွက်စာတမ်းများကို လွတ်လပ်စွာ ဆွဲထည့်လိုက်ခြင်းဖြင့် အကြောင်းအရာကို ပိုမိုထိရောက်စွာ ဝေမျှပါ။
XArena
နစ်မျောစရာ ဂိမ်းကစားမှုအတွေ့အကြုံ ပို၍ သဘာဝဆန်သည့် အထူးပြုလုပ်ချက်များဖြင့် ပိုမိုချောမွေ့ပြီးရှင်းလင်းပြတ်သားသော ဂိမ်းကစားမှုကို ခံစားပါ။ ဖရိန်တိုင်းသည့် အံ့အားသင့်စရာကောင်းလောက်အောင် ပုံရိပ်ပြတ်သားပြီး တစ်ချက်ကြည့်ရုံဖြင့် သင့်အား ဆွဲဆောင်ထားနိုင်ပါသည်။